ကေ အိုင် အေ
ကချင်ပြည်နယ် မိုးမောက်မြို့နယ် အလော့ဘွမ်တပ်စခန်းသို့ ချီတက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကေအိုင်အေက ယနေ့နံနက်အစောပိုင်းက မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

 

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့သစ်ကျေးရွာနွမ်လမ်းဘက်မှ ချီတက်လာခြင်းဖြစ်ပြီး နံနက် ၂ နာရီမှ ၈ နာရီအကြား မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကေအိုင်အို၏သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက The 74 Media ကိုပြောသည်။
“အလော့ဘွမ်ဘက်ကို မြို့သစ် နွန်လမ်းဘက်ကနေတက်လာတဲ့ စစ်ကောင်စီတပ်ကို ဗုံးနဲ့ ခုခံတိုက်ခိုက်တာရှိတယ် အဲ့တာက ဒီနေ့ မနက် ၂ နာရီကနေ ၈ နာရီလောက်ထိ။ အကျအဆုံးစာရင်းတော့မသိသေးဘူး” ဟု ပြောသည်။
အလော့ဘွမ်တပ်စခန်းကို ကေအိုင်အေက မတ်လ ၂၅ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းမီးကျောက်အများအပြားကို သိမ်းဆည်းရမိခဲ့သည်။
May be an image of military uniform, outdoors and text that says 'X K.I.A'
Photo : Crd
သင့်ထင်မြင်ချက်ရေးပေးပါ