ဒူကထောင်ရပ်ကွက်တွင် ယနေ့နံနက်အစောပိုင်းက ပေါက်ကွဲသံများကြားရ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဒူကထောင်ရပ်ကွက်တွင် မေလ ၁၀ ရက်နေ့ နံနက် ၃ နာရီခန့်က သေနတ်သံများအဆက်မပြတ်ကြားခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ဒူကထောင်ရပ်ကွက်တွင် ယနေ့နံနက်အစောပိုင်းက ပေါက်ကွဲသံများကြားရ

 

အသံဗုံးဖောက်ကွဲသံကြားပြီးနောက်ပိုင်း သေနတ်ပစ်ခတ်သံများ ဆက်တိုက်ကြားရသည်ဟု ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“အသံဗုံးအရင်ကြားပီး သေနတ်သံဆက်တိုက်ကြားလိုက်တာပဲ၊ ပစ်တာက စစ်သားလားရဲလားတော့မသိဘူး၊ အသံဗုံးခွဲတဲ့လူကို လိုက်ရင်းပစ်တာလို့တော့ထင်တယ်” ဟု ပြောသည်။
ပစ်ခတ်ခံရ၍ ထိခိုက်ဒဏ်ရာရရှိသူ သို့မဟုတ် သေဆုံးသူမတွေ့ရကြောင်း သူက ဆက်ပြောသည်။
မြစ်ကြီးနားမြို့ရှိ စစ်ကောင်စီများတပ်စွဲထားသည့်နေရာများ စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်နေသူများ၏နေအိမ်များတွင် အသံမိုင်းများ နေ့စဉ်ဆိုသလို ပေါက်ကွဲနေသည်။
သင့်ထင်မြင်ချက်ရေးပေးပါ