ဗန်းမော်မြို့နယ် မန်ရေးကျေးရွာတွင် မိုင်းပေါက်ကွဲ
ဗန်းမော်မြို့နယ် မန်ရေးကျေးရွာတွင် ယနေ့နံနက် ၁၀ နာရီဝန်းကျင်၌ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်တွင် ကားများပိတ်မိနေသည်ဟု ဒေသခံများထံမှ သိရသည်။

မိုင်းပေါက်ကွဲသည့်နေရာအနီးတွင် နောက်ထပ်မိုင်းတစ်လုံးတွေ့ရှိထားသောကြောင့် မိုင်းရှင်းလင်းရေးပြုလုပ်နေကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
” ၁၀ နာရီလောက်က ပေါက်တာလို့ပြောတယ်။ ခုက မိုင်းရှင်းနေတာတဲ့။ မိုင်းနောက်တစ်လုံးတွေ့ထားတယ်တဲ့” ဟုပြောသည်။
မိုင်းရှင်းလင်းရေးကို စစ်ကောင်စီတပ်များမှ ရှင်းလင်းနေသောကြောင့် ခရီးသွားပြည်သူများ ၅၀ ဦးခန့်နှင့် ကား ၈ စီးခန့်ပိတ်မိနေကြောင်းလည်း သိရသည်။
မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုနှင့် ပတ်သတ်ပြီး The 74 Media ကဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ