Breaking News 47 Media
ကချင်ပြည်နယ် မံစီမြို့နယ်ရဲစခန်းတွင် ယနေ့ည ၉ နာရီကျော်ခန့်တွင် တိုက်ပွဲထပ်မံဖြစ်ပွါးနေသည်ဟု သိရသည်။

သေနတ်သံများကျယ်လောင်စွာထွက်ပေါ်နေသော်လည်း အကျအဆုံးမသိရသေးကြောင်း ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“သေနတ်သံပေါက်ကွဲသံတွေ တောက်လျှောက်ပဲ၊ ကိုးနာရီလောက်ကတည်းကစတာ၊ ဘယ်သူတွေ ဘယ်လောက်ထိလဲ မသိဘူး” ဟုပြောသည်။
မံစီရဲစခန်းကို ကေအိုင်အေက ယခုတစ်ပတ်တွင် တိုက်ခိုက်ခဲ့ပြီး မြို့နယ်ရဲမှူးသေဆုံးခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ