ကေအိုင်အေ(The 74 Media_org)
မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာတွင် KIA နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ ဆက်လက်၍ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု ဒေသခံများထံမှ သိရသည်။

ကေအိုင်အေ(The 74 Media_org)

ယနေ့နံနက် ၈ နာရီဝန်းကျင်မှစ၍ မြို့သစ်ကျေးရွာတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် အပြင်းအထန် ပစ်ခတ်တိုက်ခိုက်နေသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
” ဒီမနက် ၈ နာရီ ၁၅ လောက်ကနေပစ်နေပြီ၊ ဆက်တိုက်ကိုပစ်တာ။ အသံတွေက မြို့ထဲကနေတောင်ကြားနေရတယ်” ဟုပြောသည်။
မြို့သစ်ကျေးရွာရှိ နေရာအနှံ့တွင်လည်း စစ်ကောင်စီတပ်များ တပ်စွဲထားကြောင်း သိရသည်။ ယနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်များအနေဖြင့် တင့်ကားများအသုံးပြု၍ ပစ်ခတ်နေကြသည်ဟု ဒေသခံများပြောဆိုကြသော်လည်း The 74 Media အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။
မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာနှင့်စီဟတ်ကျေးရွာသည် ကေအိုင်အေက သိမ်းပိုက်ထားသည့် အလောဘွမ်နှင့်နီးစပ်သည့် ကျေးရွာများဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေသည်မှာ ၁ လနီးပါးခန့်ရှိပြီဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ