KIA
ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်၊ ဇွပ်မိုင်ယန်ကျေးရွာ ၁၆ မိုင်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် KIA တပ်ဖွဲ့တို့ ယနေ့ နံနက် ၅နာရီအချိန်မှစတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

KIA

 

စစ်ကောင်စီတပ်ဖွဲ့များက ထိုးစစ်ဆင်လာသောကြောင့် ယခုကဲ့သို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
တိုက်ပွဲဖြစ်ပွားသော အဆိုပါဒေသသည် KIAအဖွဲ့၏ တပ်မဟာ (၁) ၊တပ်ရင်း (၄) ထိန်းချုပ်နယ်မြေဖြစ်ပြီး နှစ်ဖက်အကျအရှုံးကို The 74 Media က မသိရှိသေးပါ။
ပြီးခဲ့သည့် ဧပြီလက အင်ဂျန်းယန်မြို့နယ်မှ KIA နှင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ပွဲ ဖြစ်ပွားသောကြောင့် ဒေသခံပြည်သူအချို့မှာ မြစ်ကြီးနားမြို့သို့တိမ်းရှောင်နေပြီး အချို့ဒေသခံများမှာ တောအတွင်း တဲများထိုးကာ စစ်ရှောင်နေကြသည်။
ထို့အပြင် မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာအနီးရှိ အလော့ဘွမ်တွင်လည်း ယနေ့နံနက် ၈ နာရီဝန်းကျင်မှ တိုက်ပွဲများဖြစ်ပွားနေပြီး မွန်းလွှဲချိန်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လေယာဉ်များအသုံးပြု၍ လာရောက်တိုက်ခတ်နေကြောင်း သိရသည်။
Photo Credit – ပုံဟောင်းအသုံးပြုထားသည်
သင့်ထင်မြင်ချက်ရေးပေးပါ