ရှမ်းနီတပ်
စစ်ကိုင်းတိုင်း ခန္တီးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရှမ်းနီတိုင်းရင်းသားတပ်ဖွဲ့တို့အကြား မေလ ၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့သည်ဟု သိရသည်။

ရှမ်းနီတပ်

 

ခန္တီးမြို့နယ်အတွင်းရှိ ကောင်ဟိန်ကျေးရွာအနီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နှစ်ဘက်ထိခိုက်မှုရှိခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“တိုက်ပွဲက ကောင်ဟိန်နားမှာဖြစ်တာ၊ သဲသောင်ပြင်မှာလေ၊ စစ်သား ၃ ယောက်သေတယ်၊ ရှမ်းနီတပ်ဘက်က တစ်ယောက်ထိသွားတယ်၊ သေတော့ မသေဘူး” ဟု ပြောသည်။
ခန္တီးမြို့နယ်အတွင်း နှစ်ဘက်တပ်ဖွဲ့ဝင်များအကြားတိုက်ပွဲဖြစ်ပွားမှု ပထမဆုံးအကြိမ်ဖြစ်သည်ဟု သိရသည်။
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ကို ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တွင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိ ရှမ်းနီလူငယ်များဖြင့် ဖွဲ့စည်းခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ