မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာအနီး စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

ကချင်ပြည်နယ် မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာအနီးရှိ ကေအိုင်အေတပ်စခန်းများကို စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် အပြင်းအထန် တိုက်ခိုက်နေသည်ဟု သိရသည်။

 

မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာအနီး စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

စစ်ကောင်စီဂျက်လေယာဉ်များသည် ယနေ့နေ့လယ် ၁၂ နာရီခွဲအချိန်ခန့်တွင် မြို့သစ်ကျေးရွာအနီးရှိ လွယ်မုံမိန်းတောင်ရဲ့ နောက်ကျောဘက်ကို စစ်ကောင်စီဂျက်လေယာဉ်ဖြင့် သုံးကြိမ်ဗုံးကြဲခဲ့သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ဒီမနက် ၈ နာရီလောက်ကတည်းက ပစ်နေတာ၊ အခုနေ့လယ် ၁၂ နာရီခွဲမှာ စစ်ကောင်စီဘက်က ဂျက်လေယာဉ်နဲ့ ဗုံး သုံးကြိမ်ကြဲသွားတယ်” ဟု ပြောသည်။

မိုးမောက်မြို့နယ်အတွင်း ကေအိုင်အေနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည်မှာ အချိန် တစ်လခန့်ကြာမြှင့်လာပြီဖြစ်ပြီး မေလ ၃ ရက်နေ့က စစ်ကောင်စီ၏ စစ်ရဟတ်ယာဉ်တစ်ဦးကို ကေအိုင်အေက ပစ်ချခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *