ဗန်းမော်တက္ကသိုလ်တွင် ကျောင်းသား ကျောင်းသူအချို့ကျောင်းတက်နေ
ကချင်ပြည်နယ် ဗန်းမော်တက္ကသိုလ်တွင် တက္ကသိုလ်ကျောင်းသားကျောင်းသူအချို့ ယမန်နေ့မှစတင်ကာ ကျောင်းစတက်နေသည်ဟု ဒေသခံများထံမှ သိရသည်။

 

ဗန်းမော်တက္ကသိုလ်တွင် ကျောင်းသား ကျောင်းသူအချို့ကျောင်းတက်နေ

 

ကျောင်း၏ တံခါးမကြီးကို ပိတ်ထားသော်လည်း တံခါးအသေးမှ အဝင်အထွက်ပြုလုပ်ကာ တက္ကသိုလ်ဝင်းထဲဝင်ရောက်လျင် အမည်စာရင်းပေးရသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“မနေ့ကတည်းက တက်နေတာလေ၊ မိန်းတံခါးတော့ ပိတ်ထားတယ်၊ ဘေးက တံခါးအသေးကနေဝင်ရတာ၊ ကျောင်းထဲဝင်ရင် နာမည်စာရင်းပေးရတယ်” ဟု ပြောသည်။
တက္ကသိုလ်တွင် တက်ရောက်နေသည့် ကျောင်းသား ကျောင်းသူအရေအတွက်နှင့် စာသင်ကြားမှုရှိ၊ မရှိကို The 74 Media က စုံစမ်းနေဆဲဖြစ်သည်။
မြန်မာနိုင်ငံအနှံ့အပြားရှိ တက္ကသိုလ်များနှင့် ကောလိပ်များကို စစ်ကောင်စီက အတင်းအကြပ်ဖွင့်လှစ်ရန် ဖိအားပေးခဲ့ပြီးနောက် ကချင်ပြည်နယ်တွင် မြစ်ကြီးနားပညာရေးကောလိပ်၊ ဗန်းမော်တက္ကသိုလ်နှင့် ပူတာအိုနည်းပညာကျောင်းတို့ကို ပြန်လည်ဖွင့်လှစ်ထားသည်။
သင့်ထင်မြင်ချက်ရေးပေးပါ