စစ်ကောင်စီ၏ JF-17B တိုက်လေယာဉ်
ကေအိုင်အို၏ ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ပေါ်တွင် စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီး ယခုညနေ ၇ နာရီခန့်တွင် လှည့်ပတ်ပျံသန်းခဲ့သည်ဟု သိရသည်။

စစ်ကောင်စီ၏ JF-17B တိုက်လေယာဉ်
အမျိုးအစားမသိရသည့် တိုက်လေယာဉ်သည် လိုင်ဇာမြို့ပေါ်တွင် လှည့်ပတ်ပျံသန်းခဲ့သော်လည်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း လိုင်ဇာဒေသခံတစ်ဦးက ပြောသည်။
“ပျံသွားတယ်။ တော်တော်နိမ့်တဲ့နေရာက ပျံတယ်ထင်တာပဲ၊ အသံအကျယ်ကြီးကြားရတာ၊ တစ်ပတ် ပတ်ပြီး ပျံသွားတယ်၊ ဗုံးကျဲတဲ့အသံတော့ မကြားရဘူး” ဟု ပြောသည်။
လိုင်ဇာမြို့ပေါ်သို့ တိုက်လေယာဉ်ပျံသန်းမှုသည် ယခုလတွင် ဒုတိယအကြိမ်ဖြစ်ပြီး မေလ ၁ ရက်နေ့ညနေပိုင်းတွင်လည်း မြို့ပေါ်မှပျံသန်းကာ ကေအိုင်အေ၏ တပ်ရင်း ၁၉ သို့ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
Photo Credit- စစ်ကောင်စီ၏ JF-17B တိုက်လေယာဉ်
သင့်ထင်မြင်ချက်ရေးပေးပါ