ဗန်း​မော်အ​မြောက်တပ်သို့ လက်နက်ကြီးကျ
ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ၂မိုင် ​အောင်သာရပ်ကွက်၌ ရှိသည့် လေယာဉ်ကွင်းအနီးမှ အမြောက်တပ်တွင် ယနေ့ မွန်းလွှဲ ၂ နာရီဝန်းကျင်က လက်နက်ကြီးကျခဲ့​ကြောင်း ဒေသခံများ​ထံမှသိရသည်။

 

ဗန်း​မော်အ​မြောက်တပ်သို့ လက်နက်ကြီးကျ

ထို အမြောက်တပ်တွင် လက်နက်ကြီးကျ​ရောက်​​​​ပေါက်ကွဲခဲ့​သော်လည်း လူထိခိုက်မှုမရှိဘဲ တပ်အတွင်းမှ စိုက်ခင်းများပျက်စီးခဲ့သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“လူတွေကတော့ထိခိုက်မှုမရှိဘူး။ တပ်ထဲက စိုက်ခင်းတွေလောက်ဘဲ ပျက်စီးသွားတာ” ဟုပြောသည်။
ယခုချိန်တွင် စစ်သားများအပြည့်သယ်ဆောင်လာသော စစ်ကား ၂စီးသည် ၎င်းအမြောက်တပ်ထဲသို့ ဝင်ရောက်သွားကြောင်းလည်း ဒေသခံတစ်ဦးက ပြောသည်။
အ​​မြောက်တပ်အတွင်း ကျ​ရောက်ပေါက်ကွဲခဲ့​သောလက်နက်ကြီးသည် မည်သည့်အရပ်မှ ပစ်ခတ်လိုက်သော လက်နက်ဖြစ်ကြောင်း မသိရှိရသေးပေ။
ယခု ရက်သတ္တပါတ်အတွင်း ဗန်းမော်မြို့တွင်း ပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပေါ်​နေသည်။
PHOTO – CJ
သင့်ထင်မြင်ချက်ရေးပေးပါ