Breaking News 47 Media

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် မော်ဖောင်း‌ေကျးရွာ နန်းကွေ့ချောင်းအနီးတွင် လက်နက်ကြီးသံများကို ယနေ့ည ၁၀ နာရီခန့်အချိန်ဆက်တိုက်ကြားနေရကြောင်း သိရသည်။

မော်ဖောင်း‌ေကျးရွာ အနီးရှိ ‌နန်းကွေ့တံတား အောက်ဖက်တွင် လက်နက်ကြီးသံနှင့် မိုင်းကွဲသံများကို ကြားရပြီး လျှပ်စီးလျှပ်သကဲ့သို့ မီးလင်းလာသည်ကို တွေ့ရသည်ဟု ဒေသခံတစ်ဦးက The 74 media ကိုပြောသည်။
“နန်းကွေ့ တံတားအောက်ဘက်အခြမ်းမှာ ပေါက်ကွဲသံ အကျယ်ကြီးကြားရတယ် လျှပ်စီးလျှပ်သလိုပံုစံမျိုး လင်းသွားတာလည်းတွေ့တယ် အဲ့နေရာက လူ‌ေတာ့မနေဘူး ‌‌ေမာ်ဖောင်းက ပြည်သူတွေ တောင်ယာသွားလုပ်တဲ့နေရာ၊ မိုင်းကွဲသံ‌လည်းကြားတယ် သေနတ်သံတော့မပါဘူး” ဟု သူကပြောသည်။
လေတပ်စခန်း အနီးရှိ မော်ဖောင်းကျေးရွာတွင် ဧပြီလ ၂၁ ရက်နေ့ညမှ စတင်၍ လက်နက်ကြီးသံ မိုင်းကွဲသံနှင့် သေနတ်သံများကိုညစဉ်ကြားနေရသည်။

ထိုကျေးရွာတွင် ဧပြီလ ၁၇ ရက်နေ့ကလည်း လက်နက်ကြီးကျ၍ အသက် ၅၀ အရွယ်ခန့် အမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ