မိုးကောင်းမြို့

မိုးကောင်းမြို့နယ် သုံးမိုင်ကွေ့အနားတွင် မိုးကောင်းမှ တက်လာသည့် စစ်ကောင်စီယာဉ်တန်းကို ကေအိုင်အေက ယမန်နေ့ ညနေ ၅ နာရီခန့်က မိုင်းခွဲတိုက်ခိုက်ခဲ့သည်။

စစ်သားအပြည့်တင်ဆောင်လာသည့် စစ်ကားနှစ်စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မိုးကောင်းဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“သုံးမိုင်ကွေ့နားမှာဖြစ်တာလို့ပြောကြားတယ်။ စစ်ကား နှစ်စီး စစ်သားအပြည့်ပဲ။ ဘယ်လောက်သေလဲတော့ မသိဘူး” ဟုပြောသည်။

ဖားကန့်၊ မိုးကောင်းနှင့် တနိုင်းမြို့နယ်များတွင် ကေအိုင်အေနှင့် စစ်ကောင်စီများအကြားတိုက်ပွဲမကြာခဏဖြစ်ပွါးနေပြီး မိုးမောက်မြို့နယ်တွင် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွါးနေသည်။

သင့်ထင်မြင်ချက်ရေးပေးပါ