မိုးညှင်းမြို့မှ မီးရထားဝန်ထမ်း

ကချင်ပြည်နယ် မိုးညှင်းမြို့ မြန်မာ့မီးရထား CDM ဝန်ထမ်းများမှ ၄၉ ဦး ယနေ့ ဧပြီလ ၂၂ ရက်နေ့တွင် ရာထူးမှ ယာယီရပ်ဆဲခံခဲ့ရကြောင်း သိရသည်။

မြန်မာ့မီးရထား စက်မှုနှင့် အင်ဂျင်နီယာဌာနမှ CDM ဝန်ထမ်း ၄၉ ဦးအား ရာထူးမှ ယာယီရပ်ဆဲကြောင်း တိုင်းအမှတ် (၁) မှ ဒုတိယ မန်နေဂျာ ဦးအောင်ကျော်နိုင်က လက်မှတ်ထိုးကာ ကြေငြာခဲ့သည်ဟု မီးရထားဝန်ထမ်းတစ်ဦးက The 74 media ကိုပြောသည်။
“တိုင်းအမှတ် (၁) ဒု-မန်နေဂျာ ဦးအောင်ကျော်နိုင်က လက်မှတ်ထိုးပြီး စက်မှုနဲ့ အင်ဂျင်နီယာဌာနက ဝန်ထမ်း ၄၉ ယောက်ကို ရာထူးမှ ယာယီရပ်ဆဲကြောင်း စာထုတ်တယ်။ အဆုံးထိသွားမှာပါ အစကတည်းက စစ်အုပ်ချုပ်ရေး ကို မကြိုက်လို့ CDM လုပ်ပြီး အလုပ်မဆင်းပဲနေခဲ့ကြတာပါ နေအိမ်လိုင်းခန်းမှာလဲ မနေဘူး” ဟု သူကပြောသည်။

မိုးညှင်းမြို့ မြန်မာ့မီးရထား ဝန်ထမ်းအင်အား ၃၀၀ ခန့်ရှိပြီး ဝန်းထမ်း ၉၀% သည်ဖေဖော်ဝါရီလ ၈ ရက်နေ့မှ စတင်ကာ မန္တလေး – မြစ်ကြီးနား ပြေးဆွဲခြင်းကို ရပ်ဆိုင်းကာ CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။

သင့်ထင်မြင်ချက်ရေးပေးပါ