Breaking News 47 Media

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မော်ဖောင်း​ကျေးရွာရှိ လေတပ်စခန်းအနီးတွင် ယနေ့ည ၉နာရီခွဲခန့်မှ စတင်ကာ ပစ်ခတ်သံများကြား​နေရ​ကြောင်း သိရသည်။

ပစ်ခတ်သံသည် တစ်နာရီခန့်ကြာမြင့်ခဲ့ပြီး သေနတ်သံတင်မဟုတ်ဘဲ မီးရှူးမီးပန်းများပါဝင်​ကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“၉ နာရီခွဲလောက်ကတည်းကကြားရတာ။ တစ်ခါကြားရင် လေးငါးချက်။ အစက မီးရှူးမီးပန်းတွေဖောက်တာ။ နောက်တော့ သေနတ်သံ‌တွေ လေးငါးချက်တစ်ကြိမ်ကြားနေရတယ်။ နားလိုက်ပစ်လိုက်ပဲ။ KIA တွေလာမှာစိုးလို့ လေတပ်ကအရင်စပစ်နေတာထင်တယ်”ဟု ပြောသည်။
ပစ်ခတ်သံများ​ကြောင့် ပြည်သူအချို့ ကတုတ်ကျင်းများတွင် ဝင်​ရောက်ပုန်းခို​နေ​​ကြောင်း သူကဆက်​ပြောသည်။
ပြည်သူများ ထိခိုက်မှုရှိ၊ မရှိကို The 74 Media မှ အတည်ပြုနိုင်ခြင်း မရှိ‌သေးပါ။

ထိုသို့‌ ပစ်ခတ်မှုသည် ယနေ့ညနှင့်ဆိုလျှင်

နှစ်ညဆက်ရှိပြီ ဖြစ်​​သောကြောင့် ပြည်သူများထိတ်လန့်​နေ​ကြောင်းသိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ