ဦးဂျန်ဖန်နော်တောင်

ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူသူ အရပ်သား ၁၀ ဦးတွင် ကချင်ပြည်နယ်မှ ဦးဂျန်ဖန်နော်တောင်လည်း ပါဝင်သည်။

ဦးဂျန်ဖန်နော်တောင်သည် စစ်ကောင်စီတွင် အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်လျက်ရှိသဖြင့် ဆိုးဝါးသည့် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် တာဝန်ရှိသည်ဟု ဖော်ပြထားသည်။
ဥရောပသမဂ္ဂက အရေးယူခဲ့သည့် အရပ်သား ၁၀ ဦးတွင် ဦးဂျန်ဖန်နော်တောင်အပြင် ပဒိုမန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်း၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံဆိုင်၊ စောဒယ်နီယယ်၊ ဒေါက်တာဗညားအောင်မိုးနှင့် ဦးချစ်နိုင် (ချစ်နိုင် – စိတ်ပညာ) တို့ဖြစ်ကြသည်။
ဥရောပသမဂ္ဂက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် စစ်ဗိုလ်ချုပ်ကြီးများ၊ စစ်ကောင်စီတွင်ပါဝင်သည့် အရပ်သား ၁၀ ဦးနှင့် စစ်တပ်ပိုင်ကုမ္ပဏီ နှစ်ခုကိုပိတ်ဆို့ အရေးယူခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူထားသည့် လူပုဂ္ဂိုလ်စုစုပေါင်း ၃၅ ဦးနှင့် ကုမ္ပဏီနှစ်ခုရှိပြီဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ