မိုးမောက်မြို့မှ စစ်ရှောင်ပြည်သူများ အကူအညီလိုအပ်နေ

ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်အတွင်း ဧပြီလအတွင်းဖြစ်ပွါးခဲ့သည့်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာရသည့် စစ်ရှောင်ပြည်သူများ စားဝတ်နေရေး အကူအညီလိုအပ်နေသည်ဟု သိရသည်။

မိုးမောက်မြို့မှ စစ်ရှောင်ပြည်သူများ အကူအညီလိုအပ်နေ

 

မိုးမောက်မြို့နယ် KBC ဘုရားကျောင်းတွင် ထွက်ပြေးခိုလှုံနေသည့် စစ်ရှောင်ပြည်သူများ ယာယီနေထိုင်နိုင်ရန် နေရာထိုင်ခင်း အကူအညီများ လိုအပ်နေ‌ကြောင်း စစ်ရှောင်စခန်း တာဝန်ခံက The 74 Media ကို ပြောသည်။
“အခုမှ ထွက်ပြေးတိမ်းရှောင်ပြီး ရောက်လာတဲ့ စစ်ရှောင်တွေကို လူမျိုးဘာသာမရွေး ကျွန်တော်တို့က လက်ခံပေးပြီးမှ နေထိုင်ဖို့အတွက် စီစဥ်ပေးနေတယ်။ ကျွန်တော်တို့ ယခုလက်ရှိရောက်လာတဲ့ စစ်ရှောင်ပြည်သူတွေအတွက် နေဖို့ထိုင်ဖို့နေရာတွေမှာ သုံးထပ်ပြား၊ မိုးကာ၊ အိပ်ဖို့နေရာ ဖျာတွေလိုအပ်နေပါတယ်” ဟုသူကပြောသည်။
လတ်တလောတွင် စစ်ရှောင်ပြည်သူများ၏ စား‌ရေးသောက်ရေးအတွက် အသင်းတော်ဘုရားကျောင်းက တာဝန်ယူဆောင်ရွက်နေပြီး အကူအညီများစွာလိုအပ်နေကြောင်းသူကဆက်ပြောသည်။
မိုးမောက်မြို့နယ် KBC ဘုရားကျောင်းဝန်းအတွင်း ရောက်ရှိနေသည့် စစ်ရှောင်ပြည်သူပေါင်း ၅၀၀ ကျော် ရှိသည်။

တိမ်းရှောင်လာသူများတွင် မွေးကင်းစ ကလေးငယ်များ နှင့် လသားအရွယ်ကလေးငယ်အများအပြား ပါဝင်ကြောင်းသိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ