မြစ်ကြီးနား အေးမြသာယာတွင် စစ်ကောင်စီတပ်ဖွဲ့များ အရပ်ဝတ်နှင့် ဖမ်းဆီးမှုများရှိနေ

မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်အတွင်း ယနေ့ည ၉ နာရီခန့်မှစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်အချို့တွင် ဝင်ရောက်ရှာဖွေကာ အချို့ကို ဖမ်းဆီးခဲ့သည်ဟု သိရသည်။

မြစ်ကြီးနား အေးမြသာယာတွင် စစ်ကောင်စီတပ်ဖွဲ့များ အရပ်ဝတ်နှင့် ဖမ်းဆီးမှုများရှိနေ

 

စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်ဝတ်ဖြင့် အိမ်စီးကားအမျိုးအစားဖြင့် အေးမြသာယာရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ လူအချို့ကိုဖမ်းသွားသည်ဟု မျက်မြင်တစ်ဦးက ပြောသည်။
“အိမ်ထဲအထိ အရပ်ဝတ်နဲ့ ဝင်ဆွဲတာ၊ လူတချို့ကို ဖမ်းခေါ်သွားတယ်” ဟုပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရန်ကြီးအောင်ရပ်ကွက်တွင်လည်း အလားတူဖမ်းဆီးမှုများပြုလုပ်ခဲ့သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

အေးမြသာယာရပ်ကွက်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးရှိ ရပ်ကွက်တစ်ခုဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ