ကချင်ပြည်နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ရန်ပြုသဖြင့် တုံ့ပြန်ပစ်ခတ်၍ သေဆုံးသူ ကိုးဦးရှိကြောင်း စစ်ကောင်စီလိမ်လည်ကြေညာ

ကချင်ပြည်နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ရန်ပြုသဖြင့် တုံ့ပြန်ပစ်ခတ်၍ သေဆုံးသူ ကိုးဦးနှင့် ဆန္ဒပြစဉ် ရောဂါဖြင့်သေဆုံးသူတစ်ဦးရှိကြောင်း စစ်ကောင်စီက ယနေ့ညမြန်မာ့ အသံတွင် ကြေညာခဲ့သည်။

ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြမ်းဖက်ပစ်ခတ်သဖြင့် ကျဆုံးသူ ၁၂ ဦးရှိသော်လည်း စစ်ကောင်စီက လိမ်ညာထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီကကြေညာခဲ့သည့် ၁၀ ဦးတွင် အမည်ဖော်ပြထားခြင်းမရှိသဖြင့် မည်သူမည်ဝါဖြစ်သည်ကို အသေးစိတ်မသိရပါ။
ကျဆုံးသွားသူများတွင် မြစ်ကြီးနားမြို့မှ သုံးဦး၊ မိုးညှင်းမှ တစ်ဦးနှင့် ဖားကန့်မှနှစ်ဦးတို့သည် ဆန္ဒပြပွဲကို စစ်ကောင်စီက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့သဖြင့် ကျဆုံးခဲ့ကြသည်။

မိုးညှင်းမှတစ်ဦးနှင့် ဗန်းမော်မှတစ်ဦးသည် ထွက်ပြေးပုန်းအောင်းနေစဉ် ပစ်ခတ်ခံရ၍ကျဆုံးခဲ့ပြီး မိုးကောင်းမှတစ်ဦး၊ ဗန်းမော်မှတစ်ဦးနှင့်ဟိုပင်မှတစ်ဦးတို့သည် ဆန္ဒပြရာတွင် မပါဝင်ဘဲ အကြမ်းဖက်ပစ်ခတ်ခဲ့သဖြင့် ကျဆုံးခဲ့ရခြင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ