ကာဒူဘူတာနှင့် မော်ဟန်ဘူတာ အကြားရှိ ရထားသံလမ်းတံတားကို မိုင်းခွဲဖျက်ဆီး

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ကာဒူဘူတာနှင့် မော်ဟန် ဘူတာအကြားရှိ တံတားအမှတ် (၅၅၅) မာလာရေပေါက် ရထားသံလမ်းတံတားကို ယနေ့ (ဧပြီလ (၁၇)ရက်နေ့) နံနက် ၅ နာရီခန့်က မိုင်းခွဲ ဖျက်ဆီးခံခဲ့ရသည်ဟု သိရသည်။

ကာဒူဘူတာနှင့် မော်ဟန်ဘူတာ အကြားရှိ ရထားသံလမ်းတံတားကို မိုင်းခွဲဖျက်ဆီး

ရထားသံလမ်းတံတား မိုင်းခွဲဖျက်ဆီးခံရသဖြင့် တံတား ဘေလီ သံဘောင်နှင့် သံလမ်းများ ပျက်စီးသွားသည်ဟု ဒေသခံအချို့က ပြောသည်။

ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်များက အင်အားတိုးချဲ့လာသဖြင့် မိုင်းခွဲဖျက်ဆီးခံရခြင်းဖြစ်နိုင်သည်ဟု ဒေသခံအချို့က သုံးသပ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ