KIA-kia

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ် နမ့်လန်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကေအိုင်အေတိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ဗိုလ်အဆင့်ရှိသူနှစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ကေအိုင်အေတပ်ရင်း ၃၄ နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား ယနေ့နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီဗိုလ်နှစ်ဦး သေဆုံးသွားကာ အလောင်းကို မန်တုံမြို့သို့သယ်ဆောင်သွားသည်ဟု ဒေသခံများက ပြောသည်။
နမ့်လန်းကျေးရွာသည် မန်တုံမြို့နယ်မှ မိုးမိတ်မြို့နယ်သို့သွားသည့် လမ်းမကြီးပေါ်ရှိ ကျေးရွာတစ်ခုဖြစ်သည်။

မန်တုံမြို့နယ်သည် ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိမြို့နယ်တစ်ခုဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ