အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဒု-ဝန်ကြီး ဒေါ်အိသဥ္ဇာမောင်ဆိုတာ ဘယ်သူလဲ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တွင် အသက်အငယ်ဆုံးဝန်ကြီးတစ်ပါးအဖြစ်တာဝန်ထမ်းဆောင်မည့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဒု-ဝန်ကြီး ဒေါ်အိသဥ္ဇာမောင်သည် အသက် ၂၇ နှစ်သာရှိသေးသည်။

အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဒု-ဝန်ကြီး ဒေါ်အိသဥ္ဇာမောင်ဆိုတာ ဘယ်သူလဲ

 

၂၀၂၀ ရွေးကောက်ပွဲတွင် လူ့ဘောင်သစ်ဒီမိုကရေစီပါတီမှ ပန်းဘဲတမ်းမြို့နယ်ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အသက်အငယ်ဆုံး ကိုယ်စားလှယ်လောင်းများထဲမှ တစ်ဦးဖြစ်သည်။
၂၀၁၂ ခုနှစ်မှ စတင်ကာ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူအဖြစ်စတင်လုပ်ဆောင်ခဲ့သူဖြစ်ပြီး ရတနာပုံတက္ကသိုလ်၏ ပထမဆုံးအမျိုးသမီး ကျောင်းသားသမဂ္ဂဥက္ကဌဖြစ်ခဲ့သည်။
ပညာရေးလွတ်လပ်ခွင့်ကို အကန့်အသတ်ဖြစ်စေနိုင်သည့် ပညာရေးဥပဒေမူကြမ်းကို ဆန့်ကျင်ဆန္ဒပြခဲ့သဖြင့် အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးထောင်ချခံခဲ့ရသည့်အပြင် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဠိပက္ခချုပ်ငြိမ်းရန် အစဉ်တစိုက် တောင်းဆိုခဲ့သူဖြစ်သည်။

သူမသည် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို တက်ကြွစွာဦးဆောင်ခဲ့သဖြင့် စစ်ကောင်စီက ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရသူဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ