Breaking News 47 Media

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ နေအိမ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ညနေ ၉ နာရီခွဲခန့်မှ စတင်ကာ တစ်အိမ်ဝင်တစ်အိမ်ထွက် ဧည့်စာရင်းစစ်နေကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များသည် ဧည့်စာရင်းစစ်မည်ဟု ပြောဆိုကာ နေအိမ်တံခါးများဖွင့်ခိုင်းခြင်း၊ နေအိမ်အပေါ်ထပ်တက်ရောက် ရှာဖွေမှုများရှိသည်ဟု စီတာပူရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်သည် ကချင်အများစုနေထိုင်သည့် ရပ်ကွက်တစ်ခုဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ