စစ်ကောင်စီတပ်ဖွဲ့မှ နေအိမ်အတွင်းသို့ အတင်းဝင်စစ်ကာ ပစ္စည်းများမွှေနှောက်ရှာဖွေသွာ

မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို ယမန်နေ့၊ ဧပြီလ ၃ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များအပါအဝင် အရပ်ဝတ်များက နံနက် ၁၁ နာရီခွဲဝန်းကျင်၌ ဝင်ရောက်ပြီး နေအိမ်အတွင်းရှိ ပစ္စည်းများမွှေနှောက် ရှာဖွေစစ်ဆေးသွားကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့မှ နေအိမ်အတွင်းသို့ အတင်းဝင်စစ်ကာ ပစ္စည်းများမွှေနှောက်ရှာဖွေသွာ

 

အိမ်ရှင်၏ ပြောဆိုချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေအိမ်အတွင်း ဝင်ရောက်ရှာဖွေသည့် အကြောင်းအရင်းကို ပြောဆိုခြင်းမရှိဘဲ ဝင်ရောက်ရှာဖွေသွားကြောင်းThe 74 Media ကို ပြောသည်။
“ဘာရှာတယ်လို့တော့ မပြောဘူး။ လူအင်အားကတော့များတယ်။ လူဝတ်နဲ့ရောပါတယ်။ အိမ်စီးကားနဲ့စစ်ကား ပြောရမယ်ဆိုရင် လူအင်အားကအယောက်(၅၀)လောက်ရှိတယ်။ သတင်းအတိအကျရလို့ဆိုပြီး လာရှာသွားတာ။ လာရှာသွားတာတော့ ဘာမှတော့မတွေ့သွားဘူး။ ကလေးတွေကစားတဲ့ ဂျင်ကလိတစ်ခုတော့ ကောက်သွားတယ်”ဟု အိမ်ရှင်မှပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေအိမ်သို့ ဝင်ရောက်စစ်ဆေးစဉ် အိမ်ရှင်အမျိုးသားမရှိသဖြင့် စခန်းသို့လာရောက်ရန် ပြောဆိုသွားသည်သူက ဆိုသည်။
စစ်ကောင်စီများက နေအိမ်ရှိ အိပ်ခန်းတစ်ခန်းကို နာရီဝက်ခန့်ရှာဖွေပြီးနောက် ပစ္စည်းပျောက်ဆုံးခြင်း မရှိကြောင်းဟု နှုတ်မှပြော၍ စာရွက်အလွတ်တွင် လက်မှတ်ရေးထိုးခိုင်းသည်ဟု သူက ဆက်ပြောသည်။
“ကိုယ့်အရှေ့မှာ ရေးသွားရင်တော့ တမျိုးပေါ့နော်။ ပစ္စည်းမပျောက်ကြောင်းလို့ပြောပြီး နောက်မှ သူတို့ဘာသာစာရေးလိုက်မယ်ဆိုပြီး စာရွက်အလွတ်မှာ ကျွန်မကိုလက်မှတ်ရယ် နာမည်ရယ်ထိုးခိုင်းတယ်”ဟု ပြောသည်။

အဆိုပါနေအိမ်တွင် လွန်ခဲ့သည့် လကုန်ပိုင်းက သပိတ်တွင်ပါဝင်သည့် လူငယ်များအား စစ်ကောင်စီ၏ ဖြိုခွင်းမှုကြောင့် ထွက်ပြေးလာချိန်တွင် ထိုအိမ်အနီးတွင် လာရောက်အနားယူသွားသည်ဟု သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ