NLD ကိုယ်စားလှယ် ဒေါ်ခေါမာဝူ

ကချင်ပြည်နယ် ဆော့လော်မြို့နယ်မှ အနိုင်ရလွတ်တော်ကိုယ်စားလှယ် ဒေါ်ခေါမာဝူကို ဧပြီလ၁ရက်နေ့ နံနက် ၁၁ နာရီအချိန် အရပ်ဝတ် (စရဖ) ၅ ဦးသည် လီဆူစာပေနှင့် ယဉ်ကျေးမှု ဗဟိုရွေးချယ်ရေး အစည်းအဝေးတွင် လာရောက် ခေါ်ဆောင်သွားကြောင်း မျက်မြင်သက်သေ တစ်ဦးက THE 74 MEDIA ကို ပြောသည်။

“သူ့ကိုခေါ်သွားတယ် မနက်၁၁နာရီလောက်မှာ ခေါ်သွားတာဘဲရှိတယ် ခဏမေးစရာရှိတယ်လို့ပြောတယ် ခေါ်သွားတာက စရဖ ၅ ယောက်လောက် ကားတစ်စီးနဲ့ ခေါ်သွားတာ သူတို့က ခဏမေးစရာနည်းနည်း ရှိတယ်ဘဲပြောတယ် ဘယ်ကိုခေါ်သွားတယ်တော့ မပြောဘူး အထက်အမိန့်အရလာခေါ်တာ ဆိုပြီး ကျွန်တော့်ကို လာပြောသွားတယ်”လို့ ယင်းကပြောသည်။

ထို့ပြင် ဖမ်းခေါ်ခံရသည့် ကိုယ်စားလှယ်လောင်း ဒေါ်ခေါမာဝူကို ယခုအချိန်ထိ အဆက်အသွယ်မရရှိသေးကြောင်း သူကဆက်ပြောသည်။

သင့်ထင်မြင်ချက်ရေးပေးပါ