မြစ်ကြီးနားမြို့မရဲစခန်းတွင် မိုင်းပေါက်ကွဲ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မြို့မရဲစခန်းတွင် ယနေ့နေ့လယ် ၁၂ နာရီခန့်က မိုင်းပေါက်ကွဲခဲ့သည်ဟု သိရသည်။

မိုင်းပေါက်ကွဲသည်ဟု ယူဆရသည့် အသံကျယ်တစ်ခုကို ကြားလိုက်ရသည်ဟု မျက်မြင်သက်သေတစ်ဦးက ပြောသည်။
“အသံဗုံးလား၊ မိုင်းလားတော့မသိဘူး။ မီးခိုးထွက်တာတော့ တွေ့တယ်” ဟု ပြောသည်။
မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုမည်မျှရှိသည်ကို The 74 Media က အတည်ပြုနိုင်ခြင်းမရှိပါ။

မြစ်ကြီးနားမြို့တွင် ဆန္ဒပြပြည်သူများကို အကြမ်းဖက်ဖြိုခွဲမှုများကြောင့် ယမန်နေ့မှစတင်ကာ အသံမိုင်းပေါက်ကွဲမှုများမကြာခဏဖြစ်ပေါ်နေပြီး မည်သူမည်ဝါပြုလုပ်သည်ကို မသိရပါ။

သင့်ထင်မြင်ချက်ရေးပေးပါ