ရမ်ပူရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် အချို့ထိခိုက်ဒဏ်ရာရ

မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်တန်းတစ်လျှောက် ပစ်ခတ်မှုများကြောင့် ပြည်သူအချို့ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ရမ်ပူရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် အချို့ထိခိုက်ဒဏ်ရာရ

 

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နေအိမ်ထဲထိဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် အသက် ၁၄ နှစ်အရွယ် ယောကျာ်းလေးတစ်ဦး ပါးတွင်ဒဏ်ရာရရှိခဲ့သည်ဟု မျက်မြင်တစ်ဦးက ပြောသည်။
“အိမ်ထဲထိကို ဝင်ပစ်တာ ၊ ဒဏ်ရာရတဲ့သူ ၂ ယောက်က အိမ်ထဲမှာနေတာကို ပစ်ခံရတာ၊ ပျဉ်နှစ်ချောင်း ပေါက်ပြီးမှ ကလေးဆီမှန်တာ ပါးစပ် ဘယ်ဘက် မှန်တာ” ဟု ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရမ်ပူ ရပ်ကွက် အိမ်တန်းတစ်လျှောက် ပစ်ခတ်မှုများကြောင့် အမျိုးသမီးတစ်ဦး ထပ်မံ ဒဏ်ရရကြောင်းလည်း သူကဆက်ပြောသည်။
“သူတို့က ရမ်းပစ်တာဗျ ၊ လမ်းပေါ်လူမရှိတော့ အိမ်ထဲပစ်တာပေါ့၊ ပစ်ပြီးပြေးသွားပြီ၊ အိမ်ထဲပုန်းနေတာကို ထိသွားတာ “ဟု မျက်မြင်တွေ့သူက ပြောသည်။
ပေါင်တွင် ဒဏ်ရာရသူသည် အမျိုးသမီးဖြစ်ပြီး မမိုးခိုင် ဖြစ်ပြီး ရမ်ပူရပ်ကွက် နယ်မြေ ၁၄ အပိုင်း (က) တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။

ရမ်ပူရပ်ကွက်တွင် မတ်လ ၂၇ ရက်မှစတင်ကာ စစ်အာဏာရှင်ဆန္ဒပြပွဲများ နေ့စဉ်ဖြစ်ပေါ်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွင်းမှုများရှိခဲ့ပြီး အချို့ဖမ်းဆီးခံခဲ့ရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ