Breaking News 47 Media

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် ဆန္ဒပြသူများ၏ သတင်းရယူနေသည့် The 74 Media မှ အမျိုးသမီး သတင်းထောက်တစ်ဦးယနေ့နံနက် ၁၁ နာရီခွဲခန့်က ဖမ်းဆီးခံခဲ့ရသည်။

မြစ်ကြီးနားမြို့ အေးစေတီကြက်ခြေနီရုံးနားတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး လက်ရှိမည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကို မသိရသေးပါ။

The 74 Media မှ သတင်းထောက်များ ယခင်က ဖမ်းဆီးခံခဲ့ရဖူးပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် အယ်ဒီတာချုပ်နှင့် ကင်မရာသမားတစ်ဦး၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် အခြားကင်မရာသမားတို့ ဖမ်းခံခဲ့ရဖူးသော်လည်း ပြန်လည်လွှတ်မြောက်ခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ