Breaking News 47 Media

မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာအနီးတွင် ယနေ့ည (၁၀)နာရီခန့်မှစတင်၍ သေနတ်သံများနှင့် ဗုံး​​ပေါက်ကွဲသံများကြားနေရ​ကြောင်း တာ​​လောကြီး​ဒေသခံများထံမှသိရသည်။

“သေနတ်သံ၊ ဗုံးသံတွေကြားတယ်။ အိမ်ထဲမှာပဲနေတယ်။ တခြားသူတွေ ထွက်ပြေးလားမသိဘူး။ မနက်ဖြန်မှပဲသိမယ်” ဟု ​ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
​ထိုကဲ့သို့ ​သေနတ်သံ၊ ဗုံးသံများသည် ည ၁၁နာရီခန့်တွင် ပြန်ငြိမ်သက်သွား​ကြောင်း သူက ဆက်​ပြောသည်။

တာ​လောကြီး​ကျေးရွာသည် ဧရာဝတီမြစ်​ဘေးတွင်တည်ရှိ​သော ​ကျေးရွာတစ်ခုဖြစ်ပြီး ၂၀၁၄ သန်​ခေါင်စာရင်းအရ လူဦး​ရေ ၆၈၇၉ဦး​နေထိုင်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ