ဝိုင်းမော်တွင် ကျောင်းအပ်နှံရန် အုပ်ချုပ်ရေးမှူးများ စည်းရုံးနေ

ကချင်ပြည်နယ် ဝိုင်းမော်မြို့ နယ်ရှိ လမြန်ကျေးရွာနှင့် မုတ်ကျိတ်ကျေးရွာ တို့တွင် မတ်လ ( ၂၄) ရက်နေ့ ည ၇ နာရီခန့်က အမျိုးသားသုံးဦးအား စစ်တပ်မှ ပေါ်တာခေါ်ယူသွားသည်မှာ မဟုတ်မှန်ကြောင်းသိရသည်။

မုတ်ကျိတ်နှင့် လမြန်ကျေးရွာတို့မှ အမျိုးသားသုံးဦး လယ်တောမှ နေအိမ်သို့ပြန်လာရာတွင် စစ်တပ်မှ ပေါ်တာခေါ်သွားသည့်သတင်းမှာ မမှန်ကြောင်း မုတ်ကျိတ်နှင့် လမြန် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက The 74 Media ကိုပြောသည်။
“မဟုတ်ပါဘူး ဒါပြည်သူလူထုရဲ့ ကောလဟာလ ပြောကြလို့ facebook မှာတော့ ဖွထားလို့ ဒီကနေ လာတဲ့သတင်းလို့ပဲ ကျွန်တော် သတ်မှတ်တယ်။ ဝူယန်က ဘယ်နှဦး နန့်ဝါကဘယ်နှဦး ပေါ်တာဆွဲဖို့ လူအင်အားတောင်းခဲ့တယ်လို့ သတင်းဘာရလဲလို့ မေးကြည့်တော့ အဲ့လို ဖွထားကြတယ်လို့ ကျွန်တော်တို့ စာရေးမက အဲ့လို လှမ်းပြောခဲ့တယ် ရွာမှာလည်းတစ်ခုခုဖြစ်ခဲ့တာတွေလည်းမရှိခဲ့ဘူးဆိုတော့” မုတ်ကျိတ်ကျေးရွာအုပ်ချုပ်ရေးမှူးကပြောသည်။
လမြန်ကျေးရွာအုပ်ချုပ်ရေးမှူးကလည်း “ဘာမှမရှိပါဘူး ဘယ်သူက စပြောလိုက်လဲမသိဘူး ပြေးတဲ့သူက ပြေးဖြစ်နေကြတယ် ကျွန်တော်သိတဲ့အချိန်မှာ အားလုံးကို ပြန်ခေါ်ယူလိုက်တယ်” ဟုသူကပြောသည်။
ဝိုင်းမော်မြို့နယ်မှ အခြားကျေးရွာများတွင်လည်း ပေါ်တာဆွဲခံရမှုကို မရှိကြောင်း The 74 media မှ စုံစမ်းသိရှိရသည်။

တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားလေ့ရှိသော ဝိုင်းမော်မြို့နယ်တွင် ယခင်က ပေါ်တာဆွဲခံရမှုများ ရှိခဲ့သဖြင့် ယခုလည်းထိုသို့ ထပ်မှန်ဖြစ်ပေါ်မည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

သင့်ထင်မြင်ချက်ရေးပေးပါ