မိတ်ကပ်​မေဦးနှင့်သူငယ်ချင်းများက စစ်​ရှောင်များအတွက် ဆန်နှင့်​ဆေးဝါးများလှူဒါန်း

နိုင်ငံ​ကျော်မိတ်ကပ်ပညာရှင်​မေဦးနှင့်သူငယ်ချင်းများမှ စု​ပေါင်းပြီး မတ်လ ၂၅ရက်​နေ့က ကချင်ပြည်နယ်ရှိ စစ်​ရှောင်ပြည်သူများအတွက် ဆန်နှင့်​ဆေးဝါးများ လှူဒါန်းခဲ့သည်။

မိတ်ကပ်​မေဦးနှင့်သူငယ်ချင်းများက စစ်​ရှောင်များအတွက် ဆန်နှင့်​ဆေးဝါးများလှူဒါန်း

 

ဆန်အိတ် ၅၀နှင့်​ဆေးဝါးများကို ဝိုင်း​မော်မြို့မ IDP၊ ဝိုင်း​မော် Camp 2၊ ဝိုင်း​မော် UBC IDP စခန်းများရှိ စုစု​ပေါင်း ၂၂၃ အိမ်​ထောင်စုအား အလှူရှင်များကိုယ်စား Good Servant Charity Group မှ သွား​ရောက်လှူဒါန်းခဲ့သည်။

တိုင်းရင်းသားများအား လူသားခြင်းစာနာထောက်ထားသောအားဖြင့် ယခုလို လှူဒါန်းရခြင်းဖြစ်​ကြောင်း မိတ်ကပ်​မေဦးက​ပြောသည်။

သင့်ထင်မြင်ချက်ရေးပေးပါ