မြစ်ကြီးနားတွင် ဆန္ဒပြစဉ်ဖမ်းဆီးခံရသူ တစ်ရာကျော်ကို အမှုဖွင့်အရေးယူထား

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြရာတွင် ဖမ်းဆီးခံရပြီး လက်ရှိအချိန်တွင် အမှုဖွင့် အရေးယူခံရသူ စုစုပေါင်း ၁၁၅ ဦးရှိသည်ဟု သိရသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ စတင်ကာ မတ်လ ၁၂ ရက်နေ့ထိ ဖမ်းဆီးခံရသူ ၂၅၉ ဦးတွင် ၁၁၅ ဦးကို အမှုဖွင့် အရေးယူထားခြင်းဖြစ်သည်။
လက်ရှိမြစ်ကြီးနားအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ၁၁၅ ဦးတွင် အမျိုးသား ၆၉ ဦးနှင့် အမျိုးသမီး ၄၆ ဦး ပါဝင်သည်။
ဖမ်းဆီးခံရသူစုစုပေါင်း ထဲမှ (၁၃၉) ဦးအား ခံဝန်ဖြင့် ပြန်လည်လွှတ်ပေးပြီဖြစ်သည်။
အမှုဖွင့် အရေးယူခံရသူများထဲမှ မတ်လ ၈ ရက်နေ့တွင်ဖမ်းဆီးခံရသည့် ၉၂ ဦးအနက် အသက်မပြည့်သူ ၂၀ ဦးခန့်ကို ယင်းညတွင်ပြန်လွှတ်ပေးခဲ့သော်လည်း ကျန် ၇၂ ဦးကို မြစ်ကြီးနားမြို့အကျဉ်းထောင်တွင်အမှုစစ်ဆေးနေသည်ဟု သိရသည်။

မြစ်ကြီးနားမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲများကို ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် စတင်ပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ ၁၂ ရက်နေ့မှစတင် ဖမ်းဆီးခဲ့သော်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုများ ပုံစံအမျိုးမျိုးဖြင့်နေ့စဉ် လုပ်ဆောင်နေသည်။

သင့်ထင်မြင်ချက်ရေးပေးပါ