K-I-A

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဂန်ဒေါင်ယန်ကျေးရွာအနီးရှိ ရာဘာခြံတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်၏ စခန်းတစ်ခုကို ယနေ့နေ့လယ်ပိုင်းက ကေအိုင်အေတပ်ဖွဲ့ဝင်များ သိမ်းပိုက်လိုက်သည်ဟု သိရသည်။

အာဏာသိမ်းစစ်တပ်၏ ခလရ ၃၂၀ မှ တပ်ဖွဲ့ဝင်များတပ်စွဲထားသည့် စခန်းကို ကေအိုင်အေ ရွေ့လျှားတပ်ရင်းတစ်ခုက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
တိုက်ပွဲတွင် ကေအိုင်အေဘက်မှ လက်နက်အချို့သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
ထို့အပြင် အဆိုပါတပ်စခန်းကို ကူညီရန်လာရောက်သည့် စစ်ယာဉ်တန်းကိုလည်း ဂန်ဒေါင်ယန်ကျေးရွာအဝင်တွင် ကေအိုက်အေတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ကေအိုင်အေနှင့် အာဏာသိမ်းစစ်တပ်အကြား ယမန်နေ့ညမှ စတင်ကာ တိုက်ပွဲများဖြစ်ပွါးခဲ့ပြီး မြစ်ကြီးနား-ဗန်းမော်လမ်းမအနီးရှိ အလောဘွမ်တပ်စခန်းကို ယနေ့နံနက် အစောပိုင်းက ကေအိုင်အေသိမ်းပိုက်ခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ