ဖားကန့်တွင် အမျိုးသား နှစ်ဦးကို စစ်တပ်နှင့်ရဲမှ လာ​ရောက် ဖမ်းဆီး​ခေါ်​ဆောင်သွား

မနေ့က မတ်လ ၂၄ ရက်နေ့တွင် ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာကျေးရွာမှ စစ်တပ်နှင့်ရဲတပ်ဖွဲ့များ လာရောက်ဖမ်းဆီးသွားသည့် အမျိုးသားနှစ်ဦးအား ယနေ့ မတ်လ ၂၅ရက်နေ့တွင် ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲလိုက်ကြောင်း သိရသည်။

“မနေ့က ငြိမ်းချမ်းသာယာကနေ ဖမ်းတဲ့ ၂ ယောက်က ၅၀၅ (က) နဲ့ အမှုဖွင့်တယ်၊ သူတို့၂ယောက်က ခု လုံးခင်းထောင်မှာပဲ၊ တိုင်ချက်ဖွင့်လိုက်ပြီဆိုတော့ တပ်ကနေ ရဲကို အမှုအပ်လိုက်တဲ့သဘောပေါ့” ဟု အဖမ်းခံရသူများကို ကူညီပေးသည့် ရှေ့နေက The 74 Mediaကို ပြောသည်။
မတ်လ ၂၄ ရက်၊ ညနေ ၄ နာရီ အချိန်ခန့်တွင် ဦးဌေး (ခ) ဦးမောင်ဌေး(အသက် ၆၀ခန့်) နှင့် ကိုမျိုး (အသက် ၄၀ခန့်) တို့၏ နေအိမ်မှ စစ်သားနှင့်ရဲတပ်ဖွဲ့ဝင်များ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
ဖားကန့်မြို့နယ်တွင် ယနေ့ထိ စစ်အာဏာရှင်စနစ် ဆန့်ကျင်မှုကြောင့် မတ်လ ဖမ်းဆီးခံထားရသူ စုစုပေါင်း ၁၀ ဦးရှိပြီဖြစ်ပြီး ၊ သေနတ်ဒဏ်ရာ​ကြောင့် တစ်ဦးသေဆုံးခဲ့သည်။

Photo Crd

သင့်ထင်မြင်ချက်ရေးပေးပါ