Breaking News 47 Media

ဖားကန့်မြို့တွင် ယနေ့ည (၈) နာရီခွဲအချိန်၌ ဖားကန့်မြို့မ ရဲစခန်းရှေ့တွင် ဖြတ်သန်းသွားလာသူ တစ်ဦးကို ရဲက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ညာဘက်လက်တွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု သိရသည် ။

မျက်မြင်တွေ့ခဲ့သူတစ်ဦးက “ပခုံးကို မှန်သွားတယ် ဟိုဘက်ဒီဘက်ပေါက်သွားတယ် ခုကတော့ ဓာတ်မှန်ရိုက်နေတယ်” ဟုပြောသည်။
အပစ်ခံရသူမှာ ကိုမှော်ကြီး ၊ မော်ဝမ်းရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ည (၈) နာရီခွဲအချိန်တွင် ဖားကန့်မြို့မ ရဲစခန်းရှေ့မှ ဆိုင်ကယ်ဖြင့် ဖြတ်သန်းစဉ် ရဲမှ တာဆီးသည်ကို မရပ်ပေးသဖြင့် နောက်ကျောကို အပစ်ခံခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိအချိန်တွင် ဆေးကုသမှုခံယူနေသည်ဟု မျက်မြင်တွေ့သူထံမှ သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ