ကချင်ပြည်နယ်စည်ပင်ဝန်ကြီးဦးနော်လီ

ကချင်ပြည်နယ်စည်ပင်ဝန်ကြီးဦးနော်လီကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ (၂၉) ဖြင့် မတ်လ ၁၂ ရက်နေ့က အမှုဖွင့်လိုက်သည်ဟု သိရသည်။

ဝန်ကြီးဦးနော်လီသည် ရွေးကောက်ပွဲကာလအတွင်း အန္တရာယ်ဖြစ်စေနိုင်သောလူစုလူဝေးဖြစ်ပေါ်အောင်ဆောင်ရွက်ခဲ့သည်ဟု စွပ်စွဲကာ ဘေးစီ (၂၉) ဖြင့်အမှုဖွင့်ခံရခြင်းဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးဂဲနက်စ်က The 74 Media ကိုပြောသည်။
“ဝန်ကြီးကို သဘာဝဘေးစီပုဒ်မ (၂၉)နဲ့အမှုဖွင့်ထားပါတယ်၊ မနက်ဖြန်ရုံးထုတ်စစ်ဆေးမှာပါ” ဟု သူက ပြောသည်။
ဝန်ကြီးဦးနော်လီကို လက်ရှိအချိန်တွင် မြစ်ကြီးနားအကျဉ်းထောင်တွင် ထိန်းသိမ်းထားသည်ဟု သူကဆက်ပြောသည်။
သဘာဘေးအန္တရာယ်စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၉ သည် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ်တစ်နှစ်အထိ ကျခံရနိုင်သည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့တွင်ပါဝင်သည့် ဝန်ကြီးချုပ်ဒေါက်တာခက်အောင်ကို ဘေးစီ (၂၅) အထိလည်းကောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးဒရှီလဆိုင်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့်လည်းကောင်း တရားစွဲဆိုထားသည်။

သင့်ထင်မြင်ချက်ရေးပေးပါ