ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဥပဒေပုဒ်မ (၂၅) ဖြင့် ယနေ့အမှုဖွင့်လိုက်သည်ဟု သိရသည်။

ဖေဖော်ဝါရီလအတွင်း ဒုတိယအကြိမ်ပြန်လည်ထိန်းသိမ်းခံခဲ့ရသည့် ဝန်ကြီးချုပ်ဒေါက်တာခက်အောင်ကို ယနေ့နံနက်ပိုင်းက သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဥပဒေပုဒ်မ (၂၅) ဖြင့်အမှုဖွင့်လိုက်ခြင်းဖြစ်သည်ဟု ရှေ့နေဖြစ်သူ ဦးသက်ထွန်းဦးက The 74 Media ကိုပြောသည်။
“ဒီနေ့မနက်ခင်း ၁၁ နာရီမှာ ရုံးထုတ်လိုက်တာ။ သဘာဝဘေးစိပုဒ်မ (၂၅)နဲ့” ဟု သူက ပြောသည်။
ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်ကို လက်ရှိအချိန်တွင် မြစ်ကြီးနားအကျဉ်းထောင်တွင် ထိန်းသိမ်းထားပြီး မည်သည့်ရက်တွင် ရုံးထုတ်စစ်ဆေးမည်ကို မသိရသေးကြောင်းသူကဆက်ပြောသည်။

ဝန်ကြီးချုပ်ဒေါက်တာခက်အောင်သည် ရွေးကောက်ပွဲကာလဖြစ်သည့် ၂၀၂၀ ခုနှစ်အောက်တိုဘာလ ၁၇ ရက်နေ့တွင် စက်ဘီးစီးလာသူများကို လက်ပြနှုတ်ဆက်သဖြင့် ဘေးစီ (၂၅) ဖြင့် ရဲအုပ် ကျော်ဇေယျက တရားလိုပြုလုပ်ကာ အမှုဖွင့်ခံရခြင်းဖြစ်သည်ဟု သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ