မြစ်ကြီးနားမြို့၊ မြစ်ဆုံအထက်ဂွေထောင်တွင် စစ်အာဏာသိမ်းတပ်ဖွဲ့နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲဖြစ်ပွားပြီး ယနေ့နံနက်မြစ်ဆုံ ကက်သလစ်ဘုရားကျောင်းတွင်ရောက်ရှိနေသော စစ်ရှောင်ပြည်သူများ ယနေ့ည ၉ နာရီတွင် စစ်ရှောင်စခန်းသို့ ပြန်လာနေပြီဖြစ်ကြောင်းသိရသည်။

မြစ်ဆုံမှ ကက်သလစ် ဘုရားကျောင်းတွင် ရောက်ရှိနေသော ဂွေထောင်ကျေးရွာ၊ တန်ဘောင်ယန်ကျေးရွာ၊ ပဆိစွတ်ကျေးရွာနှင့် ဆနီဒူယန်ကျေးရွာတို့မှ စစ်ရှောင်ပြည်သူများသည် စစ်ရှောင်စခန်းသို့ ပြန်လာနေပြီဖြစ်ကြောင်း ပလန စိန့်ဂျိုးစက်စစ်ရှောင်စခန်းမှ တာဝန်‌ခံ ဦးခွန်းအောင်က The 74 media ကိုပြောသည်။
” Camp ကိုတော့မရောက်သေးဘူး။ ၉ နာရီလောက်က မြစ်ဆုံကနေထွက်ခဲ့ပြီ။ အိမ်ထောင်စု ၃၇ စု လူဦးရေစုစုပေါင်း 116ယောက်လို့သိရတယ်” ဟုသူကပြောသည်။

မတ်လ ၁၅ ရက်နေ့ ညနေပိုင်းမှ ဂွေထောင်ကျေးရွာ၊ တန်ဘောင်ယန်ကျေးရွာ၊ ပဆိစွတ်ကျေးရွာနှင့် ဆနီဒူယန်ကျေးရွာ အနီးတို့တွင် တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ယနေ့ညတွင်လည်း ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ