ကေအိုင်အေ

မြစ်ကြီးနားမြို့၊ မြစ်ဆုံအထက်ဂွေထောင်ဘက်တွင် ယနေ့ည ၇ နာရီအချိန်မှ ယခုအချိန်ထိ စစ်အာဏာသိမ်းတပ်ဖွဲ့နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။

ယမန်နေ့တွင် တိုက်ပွဲဖြစ်ခဲ့သည့် မြစ်ဆုံအထက် ဂွေထောင်ကျေးရွာတွင် ယနေ့ည ပြန်လည်တိုက်ပွဲပြင်းထန်နေသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“၇ နာရီကတည်းကနေ ပစ်ကြတာ အခုထိ။ မ‌ေန့ည ပစ်ကြတဲ့နေရာမှာ။ အခုတောင် စစ်ကားတွေ သွားနေကြတယ်” ဟု သူပြောသည်။
မတ်လ ၁၅ ရက်နေ့ ညနေပိုင်းမှ ဂွေထောင်ကျေးရွာ၊ တန်ဘောင်ယန်ကျေးရွာ၊ ပဆိစွတ်ကျေးရွာနှင့် ဆနီဒူယန်ကျေးရွာ အနီးတို့တွင် တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲဖြစ်ပွါခဲ့သည်။

အဆိုပါတိုက်ပွဲများကြောင့် လက်ရှိအချိန်ထိ မြစ်ကြီးနားသို့ထွက်ပြေးတိမ်းရှောင်လာသူ လူဦးရေ ၁၅၀ခန့်ရှိပြီဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ