ပူတာအိုတွင် လူငယ်ခြောက်ဦး

ပူတာအိုမြို့တွင် စစ်အာဏာရှင်စနစ်ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်လှုံ့ဆော်သည်ဟု စစ်ကောင်စီတပ်ဖွဲ့များက ယူဆသည့် လူငယ် (၆) ဦးကို ဖမ်းဆီးရန်လိုက်လံရှာဖွေနေသည်ဟု သိရသည်။

အဆိုပါ လူငယ် (၆) ဦးကို ဖေဖော်ဝါရီလ (၈) ရက်နေ့နောက်ပိုင်းတွင် ဆန္ဒပြဦးဆောင် လှုံ့ဆာ်သူများဟု စစ်ကောင်စီတပ်ဖွဲ့များက စွပ်စွဲကာ ၎င်းတို့၏ ဓာတ်ပုံနှင့်တကွ လိုက်လံရှာဖွေနေသည်ဟု အမည်မဖော်လိုသူ လူငယ်တစ်ဦးက The 74 Media ကို ပြောသည်။
“ပုံနဲ့တကွ ရှာတယ်။ အိမ်ထဲတော့မဝင်ဘူး။ အိမ်ရှေ့တွေမှာတော့လာချောင်းကြည့်တယ်။ live တွေ ဘာတွေ လွှင့်တယ်လို့ စွပ်စွဲပြီးလေ။ အခုတော့ သူတို့ ရှောင်နေပါတယ်” ဟု သူကပြောသည်။
ရဲတပ်ဖွဲ့မှ ဖမ်းဆီးရန်ရှာဖွေနေသည့်သူများသည် လက်ရှိအချိန်တွင် တိမ်းရှောင်နေရသဖြင့် စိတ်လုံခြုံမှု မရှိကြောင်း ၎င်းတို့ထဲမှ တစ်ဦးကပြောသည်။
” စိတ်မလုံခြုံဘူး။ ဘယ်သွားသွား ဘာလုပ်လုပ်။ ကားတစ်စီးဖြတ်သွားရင်တောင် လန့်နေရတယ်”ဟု သူက ပြောသည်။

ထိုလူငယ် (၆) ဦးသည် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦးတို့ဖြစ်ကြပြီး တစ်ဦးမှာ သတင်းထောက်ဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ