ပူတာအိုတွင် မတရားဖမ်းဆီးခံရသည့် ကိုနန်ဆိန်စိုင်းလင်းအောင်ကို ယခုလ ၂၃ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးမည်

စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ဆန္ဒပြနေချိန် မှတ်တမ်းဗွီဒီယိုရိုက်ကူးသည်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့များက ဖမ်းဆီးခံရသော ကိုနန်ဆိန်စိုင်းလင်းအောင်ကို မတ်၂၃ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးမည်ဟု သိရသည်။

ကိုနန်ဆိန်စိုင်းလင်းအောင်ကို လက်ရှိအချိန်တွင် နမ်ဟော့ထောင်တွင် ထိန်းသိမ်းထားပြီး မိသားစုနှင့်တွေ့ခွင့်မပေးသေးကြောင်း အမှုနှင့်နီးစပ်သည့် အမည်မဖော်လို တစ်ဦးက The 74 Media ကိုပြောသည်။
” ဒီလ ၂၃ ရက်နေ့ ရုံးထုတ်မယ်ပြောတယ်။ အခုချိန်ထိတော့ မိသားစုနဲ့ တွေ့ခွင့်မပေးသေးဘူး”ဟု သူကပြောသည်။
မတ်လ ၁၁ ရက်နေ့တွင် ဖမ်းဆီးခံရသည့် ကိုနန်ဆိန်စိုင်းလင်းအောင်ကို ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ထားသည်ဟု သိရသည်။

ပူတာအိုမြို့တွင် ယခုချိန်ထိ အဖမ်းခံရသူစုစုပေါင်း ၉ ဦးရှိပြီး (၈)ဦး ပြန်လည်လွတ်မြောက်လာပြီဟု သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ