စစ်​ကောင်စီမှ ဖျက်ဆီးသွား​သော ဘုရား​ကျောင်းဝင်း တံခါးအား အသစ်ပြန်လည်တပ်ဆင်

စစ်​ကောင်စီတပ်ဖွဲ့ဝင်များ ဖျက်ဆီးသွားခဲ့​သော လားရှိုးမြို့မှ ဘုရား​ကျောင်းတံခါးကို ဧပြီလ ၁၆ရက်​နေ့က ဝတ်ပြုဆု​တောင်းပွဲပြုလုပ်ကာ တံခါးအသစ်ပြန်လည်တပ်ဆင်လိုက်​ကြောင်းသိရသည်။

စစ်​ကောင်စီမှ ဖျက်ဆီးသွား​သော ဘုရား​ကျောင်းဝင်း တံခါးအား အသစ်ပြန်လည်တပ်ဆင်

 

မတ်လ ၁ ရက်​နေ့က လားရှိုးမြို့ရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ ရှမ်းပြည်ဇုံနယ်အသင်းတော်များအဖွဲ့ ရုံးကို စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ဘုရား​ကျောင်းတံခါးကို ဖျက်ဆီးကာ ဘုရား​ကျောင်းဝင်းအတွင်းရှိ ပညာရေးတာဝန်ခံ ဦးမောရှေ၊ ဘဏ္ဍာ​ငွေထိန်း ဦးနော်မိုင်၊ လူငယ်တာဝန်ခံ ဦးဇော်ဒွဲအောင် နှင့် ကျောင်းသား ၈ ဦးတို့ကို ဖမ်းဆီးသွားခဲ့သည်။
ထို့​သို့ ဖမ်းဆီးသွားခဲ့​သော်လည်း မတ်လ ၂ ရက်​နေ့က အားလုံးပြန်လည်လွတ်​​မြောက်လာခဲ့ကြသည်။

Photo Courtesy by KBC Kachin

သင့်ထင်မြင်ချက်ရေးပေးပါ