KIA အဖွဲ့

ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ် ​မလိခမြစ်န​ဘေးရှိ ​ဂွေ​ထောင်​ကျေးရွာတွင် မတ်လ ၁၅ရက်​နေ့ ည​​နေပိုင်းက စစ်​ကောင်စီတပ်ဖွဲ့ဝင်များနှင့် KIA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွား​နေ​ကြောင်းသိရသည်။

“ည​နေ​လောက်ကတည်းက​နေ ​သေနတ်သံ​တွေကြား​နေရပြီ။ ​ဒေသခံ​တွေက​တော့ သူတို့ရဲ့ ​တောင်ယာ​တွေ၊ ယာခင်း​တွေဘက်မှာ ထွက်​ပြေးတဲ့သူ​တွေ​ပြေး​နေကြပြီ။” ဟု ​​သတင်းရင်းမြစ်တစ်ဦးက​ပြောသည်။

​မြစ်ဆုံအထက်ဘက်တွင်ရှိ​သော ဂွေ​ထောင်​ကျေးရွာတွင် အိမ်​​ခြေ ၂၈ အိမ်ရှိ​ပြီး ​ကျေးရွာအနီးတွင် တပ်မ​တော်စစ်စခန်းရှိ​ကြောင်းသိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ