ယနေ့ ဖားကန့်သပိတ်တွင် ရာဘာကျည်ထိမှန်သူ ၁၅ ဦးခန့်ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ယနေ့မတ်လ ၁၃ ရက်နေ့ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်သူများ ရာဘာကျည်ဖြင့် ပစ်ခတ်ခံရသူအမြောက်အများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရာဘာကျည်ဖြင့်ပစ်ခတ်ခံရသူ ၁၅ ဦး ခန့်ရှိပြီး ဆေးရုံသို့ပို့ဆောင်ကာ ခွဲစိတ်ကုသမှု ခံယူခဲ့ရသူလည်းရှိသည်ဟု ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူ တစ်ဦးက The 74 Media ကို ပြောသည်။

“ရာဘာကျည်ထိတာ ၁၅ ယောက်ကျော် အဲ့လောက်လောက်တော့ရှိတယ်၊ ဆေးရုံပို့လိုက်ရတာတော့ တစ်ယောက်ပို့ရတယ်၊ ရာဘာကျည်က ရင်အုံမှာစိုက်နေတာခွဲထုတ်ရတယ်” ဟု ပြောသည်။
ပုခုံး၊ တင်ပါး နှင့် တခြားနေရာများတွင် ပစ်ခတ်ခံရသူများလည်းရှိကာ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်းသူက ဆက်ပြောသည်။
ယနေ့နံနက်ပိုင်းတွင် ဆန္ဒဖော်ထုတ်ကြရန် စုဝေးနေကြစဉ် ရဲများ ရောက်ရှိလာကာ လူစုခွဲရန်ဆွေးနွေးညှိနှိုင်းနေချိန် ရာဘာကျည်များဖြင့် ပစ်ခတ်၍ လူစုဖြိုခွဲမှုကို ခံခဲ့ရခြင်း ဖြစ်သည်။

Photo : HYN

သင့်ထင်မြင်ချက်ရေးပေးပါ