ကာမိုင်းမြို့အနီး တိုက်ပွဲဆက်ဖြစ်နေ

ကချင်ပြည်နယ်၊ ကာမိုင်းမြို့တွင် ယနေ့ညနေပိုင်းအချိန်အထိ လက်နက်ပစ်ခတ် ပေါက်ကွဲသံများ ပြန်လည်ကြားနေရပြီး တိုက်ပွဲဆက်ဖြစ်နေသည်ဟု ဒေသခံများထံမှ သိရသည်။

​ယနေ့မွန်းလွဲပိုင်းတွင် ကားမိုင်းမြို့၊ ကောင်ရာကျေးရွာတွင် ဗုံးနှင့် သေနတ်သံ ပစ်ခတ်ပါက်ကွဲသံများ ပြန်လည် ကြားနေရကြောင်း ဒေသခံ တစ်ဦးက The 74 Media ကို ပြောသည်။
“အခုပဲ ကောင်ရာကျေးရွာထိပ်မှာ သေနတ်သံတွေအများကြီး ပြန်ကြားလာရတယ်၊ လူတွေတော့ ဘာမဖြစ်ကြဘူး၊ ဗုံးသံဆိုလား အရင်ပေါက်ကွဲသံကြားရတာတဲ့၊ ဗုံးအရင်ပေါက်ကွဲသံကြားပြီးမှ လန့်ပြီးပစ်ကြတာလို့ အဲ့ရွာကလူတွေပြောပြပါတယ်၊ ရွာသူရွာသားတွေကတော့ ကြောက်လန့် နေကြတာပေါ့၊ အဲ့လိုလက်နက်ကြီးလက်နက်ငယ်အသံတွေကြားရတော့” ဟု ပြောသည်။
ယမန်နေ့ညတွင်လည်း မြန်မာစစ်တပ်သည် ကာမိုင်းမြို့သို့ ဝင်ရောက်လာကြကြောင်း သူက ဆက်ပြောသည်။
မတ်လ ၁၃ ရက်နေ့တွင်လည်း ကာမိုင်းမြို့တွင် လက်နက်ကြီးကျည် ထိမှန်ပေါက်ကွဲသဖြင့် သုံးဦးဒဏ်ရာ ရရှိခဲ့သည်။

ကာမိုင်းမြို့တွင် ယမန်နေ့မှစတင်ကာ ကချင်လွတ်မြောက်ရေးအဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ