EPN

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အခြေစိုက်သတင်းဌာနတစ်ခုဖြစ်သည့် ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက်၏ ဖေ့စ်ဘုတ်စာမျက်နှာသည် အွန်လိုင်းပေါ်မှ ပျောက်ကွယ်သွားသည်။

ယနေ့နံနက်ပိုင်းအထိ ကချင်ပြည်နယ်ဆိုင်ရာသတင်းများကို တင်ဆက်နေသော်လည်း နေ့လယ်ပိုင်းတွင် ၎င်းတို့၏ဖေ့စ်ဘုတ်စာမျက်နှာ ပျောက်ကွယ်သွားခြင်းဖြစ်သည်။
အဆိုပါသတင်းဌာန၏ ဖေ့စ်ဘုတ်စာမျက်နှာကို ဖေ့စ်ဘုတ်ကုမ္ပဏီက ဖြုတ်ချခဲ့သလား သို့မဟုတ် သတင်းဌာနက ထုတ်ဝေခြင်းမပြု (unpublished) သလားဆိုသည်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။
ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက်သတင်းဌာန၏ အယ်ဒီတာချုပ်ကို The 74 Media က ဆက်သွယ်မေးမြန်းခဲ့သော်လည်း လတ်တလောဖြေကြားလိုခြင်းမရှိပါဟု အကြောင်းပြန်ခဲ့သည်။

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက်သည် ယခင်က မြစ်ဆုံရေကာတာ ဆောက်လုပ်သင့်ကြောင်း၊ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာအရေးကိစ္စများတွင် တပ်မတော်၏လုပ်ရပ်မှန်ကန်ကြောင်းအစရှိသဖြင့် ဆောင်းပါးများကို ဖော်ပြခဲ့ဖူးပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ကို ထောက်ခံသည့် အသုံးအနှုန်းများဖော်ပြခဲ့သဖြင့် ပြည်သူအများ၏ ဝေဖန်ခံခဲ့ရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ