ဟိုပင်မြို့တွင် တပ်မတော်ထောက်ခံပွဲပြုလုပ်သူများကို ဒေသခံများက သံပုံးတီးခေါက်ကာမောင်းထုတ်
ကချင်ပြည်နယ် ဟိုပင်မြို့တွင် ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက် နေ့လည်ပိုင်းက
တပ်မတော်ထောက်ခံပွဲ စီတန်းလှည့်လည်ခြင်းကို ပြုလုပ်ခဲ့သည်ဟု သိရသည်။

 

“တပ်မတော်ထောက်ခံပွဲတွင် ပါဝင်သူများက စီတန်းလှည့်လည်ရာတွင် နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ အစိုးရအားထောက်ခံသည်၊
အမျိုးဘာသာ သာသနာကာကွယ်စောင့်ရှောက်သည့် အစိုးရ၊
တရားမျှတမှုမရှိသော ရွေးကောက်ပွဲကော်မရှင်ကို အလိုမရှိ” စသည့် ကြွေးကြော်သံများကို ကြွေးကြော်ခဲ့သည်။
စီတန်းလှည့်လည်ရာလူထု၏ နောက်တွင် တပ်မတော် စစ်ကားနှစ်စီးနှင့် အိမ်စီးကားတစ်စီး လိုက်ပါခဲ့ကြောင်း ဟိုပင်ဒေသခံတစ်ဦးထံမှသိရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ