News

ငြိမ်းချမ်းရေးရရှိနိုင်ရေးအတွက် SAVE MYANMAR ဟူသည့်စာသားဖြင့် လူငယ်များ ဖယောင်းတိုင်မီးထွန်းကာ ဆုတောင်းမှုပြုလုပ်

မြစ်ကြီးနားမြို့တွင် ငြိမ်းချမ်းရေးရရှိနိုင်ရေးအတွက် SAVE MYANMAR ဟူသည့်စာသားဖြင့် လူငယ်များ ဖယောင်းတိုင်မီးထွန်းကာ ဆုတောင်းမှုပြုလုပ်ခဲ့ကြောင်း သိရသည်။  

ရမ်ပူတွင်နေအိမ်တစ်လုံးမီးလောင်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များမီးရှို့သည်ဟုဆို

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်ရှိ နေအိမ်တစ်လုံး ယနေ့နေ့လယ် တစ်နာရီခွဲခန့်က မီးရှို့ခံရသည်ဟု သိရသည်။

ဖားကန့်မြို့နယ်၊တာမခန်မြို့သစ် အာဏာရှင်စနစ်အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်

ဖားကန့်မြို့နယ်၊တာမခန်မြို့သစ် အာဏာရှင်စနစ်အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ရာတွင် အသက်အရွယ်မျိုးစုံ လူမျိုးစုံ ပါဝင်ကြောင်း သိရသည်။

ရပ်ပူရပ်ကွက်တွင် စစ်ကောင်စီပစ်ခတ်မှုကြောင့် တစ်ဦးကျဆုံး

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွငိ ယနေ့နေ့လယ်က ဆန္ဒပြနေသည့်ပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် နှစ်ဦးကျည်ဆံထိမှန်ပြီး တစ်ဦးကျဆုံးခဲ့သည်။

ကာမိုင်းမြို့မှ သင်တန်းတက်သည့် ဆရာ၊ ဆရာမများ အရပ်ဝတ်ဖြင့် သင်တန်းနေရာသို့ လာရောက်

ဖားကန့်မြို့နယ်၊ကာမိုင်းမြို့တွင် ဆရာ၊ ဆရာမများ အရပ်ဝတ်ဖြင့် သင်တန်းနေရာသို့ လာရောက်နေကြောင်း သိရသည်။  

ဒွမ်ဘန်ကျေးရွာနှင့် ခွမ်စာယန်ကျေးရွာတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေ၊ အိမ်ခြေ ၁၄၀ ခန့် ထွက်ပြေးတိမ်းရှောင်

မိုးကောင်းမြို့နယ် ဒွမ်ဘန်ကျေးရွာနှင့် ခွမ်စာယန်ကျေးရွာအကြား စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကေအိုင်အေတပ်ဖွဲ့များက ယနေ့နံနက် ၁၀ နာရီခန့်တွင် ခြုံခိုတိုက်ခိုက်ခဲ့ကြသဖြင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။

လီဒိုလမ်းမပေါ်ရှိ ဒွမ်ဘန်ကျေးရွာတွင် KIA နှင့် စစ်ကောင်စီတပ်အကြားတိုက်ပွဲဖြစ်

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်ရှိ ဒွန်ဘန်ကျေးရွာနှင့် ခွမ်ဆာယန်ကျေးရွာတို့တွင် ယနေ့နံနက် ၁၀ နာရီခွဲခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

နမ္မတီးမြို့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း လမ်းလျှောက်သပိတ် ဆက်လက်ပြုလုပ်

ကချင်ပြည်နယ် နမ္မတီးမြို့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း လမ်းလျှောက်သပိတ်ကို နံနက် ၈နာရီ မှာ နံနက် ၁၀နာရီ ထိ အောင်မြင်စွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။