ကေအိုင်အေ (kia)

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်ရှိ ဒွန်ဘန်ကျေးရွာနှင့် ခွမ်ဆာယန်ကျေးရွာတို့တွင် ယနေ့နံနက် ၁၀ နာရီခွဲခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

နှစ်ဖက်တပ်များအကြား နံနက် ၁၀ နာရီခွဲမှ ၁၁ နာရီခန့်အထိ ပစ်ခတ်ခဲ့ကြသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“မနက် ၁၀ နာရီခွဲလောက်ကနေ စပစ်ကြတာ၊ ၁၁ နာရီလောက်အထိပစ်တယ်” ဟု ပြောသည်။
တိုက်ပွဲကြောင့် ဒေသခံအချို့ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သူက ဆက်ပြောသည်။
“ဒေသခံတွေက ဘုရားကျောင်းကို ထွက်ပြေးတိမ်းရှောင်လာကြတယ်” ဟု ပြောသည်။

တိုက်ပွဲကြောင့် ထိခိုက်ကျဆုံးမှုများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ