ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသည့် စစ်ကောင်စီ သင်္ဘောတစ်စီးသည် ယနေ့မွန်းလွှဲ ၂ နာရီခွဲခန့်က ရွှေကူမြို့နယ် မင်းကျောင်းကုန်းကျေးရွာသို့ လက်နက်ကြီးပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ရွာသို့ လက်နက်ကြီး လေးလုံး ကျရောက်ခဲ့သည်ဟု သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“ရွာကို စစ်တပ်က လက်နက်ကြီးနဲ့ထုသွားတယ်။ ဘုန်းကြီးကျောင်းကို ထိသွားတယ်။ ဓမ္မရုံတွေရော ရွာဘက်ကို ပစ်သွားတာ။” ဟုသူကပြောသည်။

ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာသို့ ယနေ့ မွန်းလွှဲ ၄ နာရီခန့်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား အပြည့်တင်ဆောင်လာသည့် သံခွန် နှစ်စီး ဆန်တက်လာ‌ေကြာင်း အခြား‌ေဒသခံများထံကသိရသည်။

ရွှေကူ မြို့နယ် ကျောက်ကြီးကျေးရွာနှင့် သာယာကုန်းကျေးရွာကြားတွင်လည်း ဒီဇင်ဘာ ၁၀ ရက်နေ့က ခြေလျင်စစ်ကြောင်းချီတပ်လာသည့် စစ်ကောင်စီတအယက်များကို မြို့လှ PDF များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးခဲ့သည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ